Sunday, November 9, 2008

Creative Chaos ?















ဒီ blog ကိုစပြီး publish လုပ် ရတဲ့ ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ creative chaos band လေးအကြောင်း

အသိပေးရင်း စာဖတ်သူတို့ကို ကျွန်တော့်ရဲ့ Music နဲ့သက်ဆိုင်တဲ့ တွေ့အကြုံလေးတွေ ဝေမျှ ပေးဖို့ပါ။

ပထမအနေနဲ့ ကျွန်တော်တို့ band လေးဘယ်လိုဖြစ်လာတယ်ဆိုတာကို တင်ပြချင်ပါတယ်။ Creative Chaos ဟာစင်ကာပူနိုင်ငံမှာ ရောက်နေတဲ့ အနယ်နယ်အရပ်ရပ်က လာကြတဲ့ မြန်မာကျောင်းသားတစ်ချို့ ရယ် စီနီယာ တချို့ရယ် ပူးပေါင်းဖွဲ့စည်းထားတဲ့ pop/rock band လေးဖြစ်ပါတယ်။ ဖွဲ့စည်းဖြစ်တဲ့အကြောင်းကတော့ စင်ကာပူ မှာ ရောက်နေကြတဲ ရွှေညီအကို မောင်နှစ်မတွေကို အဆက်မပြက် Show လေးတွေလုပ်ပြီးဖျော်ဖြေချင်လို့ပါ။

စပြီးဖွဲ့စည်းခဲ့တာကတော့ ၂၀၀၇ ကပါ . Ngee Ann Myanmar 2007 သင်္ကြန်မှာ ပထမပွဲနေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက်တော့ SP SHOW 2007 , Ngee Ann Myanmar 2008 Show တို့မှာတီးခတ်ခဲ့
တဲ့အပြင် Orchard မှာရှိတဲ့ TOP 5 CLUB မှာလဲ အချိန်ပိုင်းတီးခတ်ခဲ့ ပါတယ်။

အခုလောလောဆယ်လည်း လာမယ့် ပွဲတွေအတွက် ပြင်ဆင်နေပါတယ်။ SP SHOW 2009 မှာတီးခတ်ဖြစ်ဦးမယ် လို့ထင်ပါတယ်။ မြန်မာ မင်္ဂလာဆောင်များမှာလည်း တီးခတ်ပေးနေပါတယ်။

ကျွန်တော်တို့ band က player တွေကတော့

Guitar - Danny
Bass - Wai Phyo
KB - A Ryne
Drummer - Yan Aung Moe
Second Guitar - Biggi ပါ

ကျွန်တော်တို့ ကိုဆက်သွယ်ချင်ရင် ၈၁၁၈ ၄၀၅၈ ( ငြိမ်းချမ်းလူ) ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။