Thursday, December 25, 2008

Creative Chaos ပွဲတွေအတွက်ဘယ်လိုပြင်ဆင်ကြလဲ ?

ဒီတစ်ခါတော့လာရောက်လည်ပတ်သူတို့ကို ကျွန်တော်တို့ band မှာဘယ်လို အလုပ်လုပ်ကြ တယ် ဆိုတာလေး ကို ပြောပြချင်ပါတယ်။ ကျွန်တော်တို့ band မှာသီချင်းတွေကိုတိုက်တဲ့အခါမှာ သွားတီးရမယ့် Show အပေါ်မှာ မူတည် ပြီး တစ်ခါနဲ့ တစ်ခါမတူတာလေးတွေရှိပါတယ်။ ဖျော်ဖြေတဲ့သီချင်းကအစပေါ့။ ဥပမာ Poly Thingyan လို မျိုးကျောင်းပွဲတွေတီးရမယ်ဆိုရင် ကျွန်တော်တို့သာမာန်ထက် အချိန်ပိုပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အဲလိုကျောင်းပွဲတွေမှာ ကျွန်တော့်တို့ band က အဆိုတော်သာမကပဲ သီချင်းဆိုချင်တဲ့ကျောင်းသားကျောင်းသူများအတွက်ပါ စီစဉ်ပေးရပါတယ်။ ကျောင်းတစ်ကျောင်းက show ပွဲလုပ်တော့မယ်ဆိုရင် သီချင်းဆိုချင်တဲ့ကျောင်းသား/သူ တွေအများကြီး Register လုပ်ကြပါတယ်။ အဲဒီမှာကျွန်တော်တို့ Register လုပ်တဲ့သူတွေအားလုံး ထဲက သီချင်းဆိုနိုင်တဲ့သူတွေကို ပြန်ရွေးထုတ်ရပါတယ်။

အဲဒါကို Audition လို့ခေါ်ပါတယ်။ အဲဒီအတွက်ကိုကျွန်တော်တို့လူ များရင်များသလိုအချိန်ပေးရပါတယ်။ Audition ပြီးပြီဆိုတာနဲ့ သီချင်းစတိုက်ဖို့ Jamming Appointment တွေလုပ်ရပါတယ်။ ဆိုမဲ့သူတွေကများတော့ လူခွဲ ပြီး ခေါ်ရပါတယ်။ အဲဒါကြောင့် သီချင်းတိုက်တာကိုကျွန်တော်တို့ တစ်လ လောက်အနည်းဆုံး အချိန်ပေးရပါတယ်။ တကယ်ပွဲနေ့ရောက်ပြီဆိုရင်လည်း ကျောင်းပွဲဖြစ်တဲ့အတွက် အချိန်ကို ဂရုဆိုက်ပြီးလုပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပွဲတွေမှာတခြား ဖျော်ဖြေမှုအစီအစဉ်တွေလည်းပါသေးတာကြောင့်ပါ။
ဒါကတော့ကျောင်းပွဲတွေအတွက်ပါ။

မင်္ဂလာပွဲတို့ မွေးနေ့ပွဲတို့ကတော့ သိပ်အလုပ်မရှုပ်ပါဘူး သီချင်းဆိုချင်တဲ့လူလည်းနည်းပါတယ်။ ကျွန်တော်တို့band ကအဆိုတော်ပဲဆိုတာများပါတယ်။
ပွဲရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ကျွန်တော်တို့ အပါတ်တိုင်း Jamming တော့သွားဖြစ်ပါတယ်။ ဒါကတော့ကျွန်တော်တို့ Band ရဲ့ Skill ကို improve ဖြစ်လာအောင်လေ့ကျင့်တာပါ။

ကဲဒီလောက်ဆိုလာရောက်သူတို့ကျွန်တော်တို့အကြောင်းလည်း
တော်တော်သိလောက်ပါပြီ။

နောက်နေ့တွေမှာ Article အသစ်ကလေးတွေထက်တင်ပေးပါ ဦးမယ်။ ကျွန်တော်တို့ Show တွေကို
လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်။
Comments တွေလည်းပေးနိုင်ပါတယ်။

Wednesday, December 24, 2008



ဒီနေ့ Creative Chaos's Blog ကိုလာရောက်လည်ပတ်သူ ရွှေမြန်မာညီအကို တို့ကို တင်ဆက်ပေးချင်
တာကတော့ NP Myanmar 2008 Show မှာပဲ ဖျော်ဖြေခဲ့တဲ့ အယ်လ်လွန်းဝါ နဲ့ စူဇီ သီဆိုထားတဲ့
စိတ်ညစ်မှာစိုး ဆိုတဲ့သီချင်းလေးဖြစ်ပါတယ် ။ ဒီပွဲမှာတော့ ကျွန်တော်တို့ Band ရဲ့အဆိုတော် မင်းဥာဏ်လင်း
နဲ့ သိမ့် တို့က ပြန်လည် သီဆိုထားပါ တယ်။ ဒီသီချင်းလေးက သာမာန် Pop သီချင်းလေးပါ။ သံစဉ်လေးက
တော်တော် လှသလို ရေးထားတဲ့စာသားကလည်း လူငယ်တွေသာမက လူကြီးတွေပါ လက်ခံနိုင်တဲ့ စာသားလေး
ပါ။ ဒီ Show လေးမှာတော့ ဒီသီချင်းလေးက ပရိသတ်ရဲ့အားပေးမှု အတော်လေးရခဲ့ပါတယ်။ ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။ မျှဝေခံစား ကြည့်ပါဦး။

PS : ကျန်တဲ့ NP MYANMAR SHOW 2008 ကသီချင်းတွေကို ကြည့်ချင်သေး တယ်ဆိုရင်တော့
www.npmyanmar.com က forum မှာ DVD ကိုတောင်းဆိုဝယ်ယူနိုင် သလို creativechaoz@gmail.com
ကိုလည်း email ပို့ပြီး ရယူနိုင်ပါတယ်။

Posted By Nyein Chan Lu


Tuesday, December 23, 2008



ဒီ video လေးကတော့ ကျွန်တော်တို့ NP Myanmar 08 Show တုန်းက သီချင်းလေးတစ်ပုဒ်ပါ။
ရွှေထိုက်ပြန်လည်သီဆိုထားတဲ့ စိုင်းထီးဆိုင်ရဲ့ အရင်လိုဘ၀မျိုးရောက်ချင်တယ် ဆိုတဲ့သီ ချင်းလေးကို
မြူးမြူးကြွကြွ လေးဖြစ်အောင် စတိုင်အသစ်လေးနဲ့ Tempo မြန်မြန် လေး တီးခတ်ထားပါတယ်။ ဒီမှာတော့
Ngee Ann Poly က မြန်မာကျောင်းသူလေး တစ်ယောက်က သီဆိုထားပါတယ်။
ခံစားကြည့်ပါဦး

Sunday, November 9, 2008

Creative Chaos ?















ဒီ blog ကိုစပြီး publish လုပ် ရတဲ့ ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ creative chaos band လေးအကြောင်း

အသိပေးရင်း စာဖတ်သူတို့ကို ကျွန်တော့်ရဲ့ Music နဲ့သက်ဆိုင်တဲ့ တွေ့အကြုံလေးတွေ ဝေမျှ ပေးဖို့ပါ။

ပထမအနေနဲ့ ကျွန်တော်တို့ band လေးဘယ်လိုဖြစ်လာတယ်ဆိုတာကို တင်ပြချင်ပါတယ်။ Creative Chaos ဟာစင်ကာပူနိုင်ငံမှာ ရောက်နေတဲ့ အနယ်နယ်အရပ်ရပ်က လာကြတဲ့ မြန်မာကျောင်းသားတစ်ချို့ ရယ် စီနီယာ တချို့ရယ် ပူးပေါင်းဖွဲ့စည်းထားတဲ့ pop/rock band လေးဖြစ်ပါတယ်။ ဖွဲ့စည်းဖြစ်တဲ့အကြောင်းကတော့ စင်ကာပူ မှာ ရောက်နေကြတဲ ရွှေညီအကို မောင်နှစ်မတွေကို အဆက်မပြက် Show လေးတွေလုပ်ပြီးဖျော်ဖြေချင်လို့ပါ။

စပြီးဖွဲ့စည်းခဲ့တာကတော့ ၂၀၀၇ ကပါ . Ngee Ann Myanmar 2007 သင်္ကြန်မှာ ပထမပွဲနေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက်တော့ SP SHOW 2007 , Ngee Ann Myanmar 2008 Show တို့မှာတီးခတ်ခဲ့
တဲ့အပြင် Orchard မှာရှိတဲ့ TOP 5 CLUB မှာလဲ အချိန်ပိုင်းတီးခတ်ခဲ့ ပါတယ်။

အခုလောလောဆယ်လည်း လာမယ့် ပွဲတွေအတွက် ပြင်ဆင်နေပါတယ်။ SP SHOW 2009 မှာတီးခတ်ဖြစ်ဦးမယ် လို့ထင်ပါတယ်။ မြန်မာ မင်္ဂလာဆောင်များမှာလည်း တီးခတ်ပေးနေပါတယ်။

ကျွန်တော်တို့ band က player တွေကတော့

Guitar - Danny
Bass - Wai Phyo
KB - A Ryne
Drummer - Yan Aung Moe
Second Guitar - Biggi ပါ

ကျွန်တော်တို့ ကိုဆက်သွယ်ချင်ရင် ၈၁၁၈ ၄၀၅၈ ( ငြိမ်းချမ်းလူ) ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။