Thursday, December 25, 2008

Creative Chaos ပွဲတွေအတွက်ဘယ်လိုပြင်ဆင်ကြလဲ ?

ဒီတစ်ခါတော့လာရောက်လည်ပတ်သူတို့ကို ကျွန်တော်တို့ band မှာဘယ်လို အလုပ်လုပ်ကြ တယ် ဆိုတာလေး ကို ပြောပြချင်ပါတယ်။ ကျွန်တော်တို့ band မှာသီချင်းတွေကိုတိုက်တဲ့အခါမှာ သွားတီးရမယ့် Show အပေါ်မှာ မူတည် ပြီး တစ်ခါနဲ့ တစ်ခါမတူတာလေးတွေရှိပါတယ်။ ဖျော်ဖြေတဲ့သီချင်းကအစပေါ့။ ဥပမာ Poly Thingyan လို မျိုးကျောင်းပွဲတွေတီးရမယ်ဆိုရင် ကျွန်တော်တို့သာမာန်ထက် အချိန်ပိုပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အဲလိုကျောင်းပွဲတွေမှာ ကျွန်တော့်တို့ band က အဆိုတော်သာမကပဲ သီချင်းဆိုချင်တဲ့ကျောင်းသားကျောင်းသူများအတွက်ပါ စီစဉ်ပေးရပါတယ်။ ကျောင်းတစ်ကျောင်းက show ပွဲလုပ်တော့မယ်ဆိုရင် သီချင်းဆိုချင်တဲ့ကျောင်းသား/သူ တွေအများကြီး Register လုပ်ကြပါတယ်။ အဲဒီမှာကျွန်တော်တို့ Register လုပ်တဲ့သူတွေအားလုံး ထဲက သီချင်းဆိုနိုင်တဲ့သူတွေကို ပြန်ရွေးထုတ်ရပါတယ်။

အဲဒါကို Audition လို့ခေါ်ပါတယ်။ အဲဒီအတွက်ကိုကျွန်တော်တို့လူ များရင်များသလိုအချိန်ပေးရပါတယ်။ Audition ပြီးပြီဆိုတာနဲ့ သီချင်းစတိုက်ဖို့ Jamming Appointment တွေလုပ်ရပါတယ်။ ဆိုမဲ့သူတွေကများတော့ လူခွဲ ပြီး ခေါ်ရပါတယ်။ အဲဒါကြောင့် သီချင်းတိုက်တာကိုကျွန်တော်တို့ တစ်လ လောက်အနည်းဆုံး အချိန်ပေးရပါတယ်။ တကယ်ပွဲနေ့ရောက်ပြီဆိုရင်လည်း ကျောင်းပွဲဖြစ်တဲ့အတွက် အချိန်ကို ဂရုဆိုက်ပြီးလုပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပွဲတွေမှာတခြား ဖျော်ဖြေမှုအစီအစဉ်တွေလည်းပါသေးတာကြောင့်ပါ။
ဒါကတော့ကျောင်းပွဲတွေအတွက်ပါ။

မင်္ဂလာပွဲတို့ မွေးနေ့ပွဲတို့ကတော့ သိပ်အလုပ်မရှုပ်ပါဘူး သီချင်းဆိုချင်တဲ့လူလည်းနည်းပါတယ်။ ကျွန်တော်တို့band ကအဆိုတော်ပဲဆိုတာများပါတယ်။
ပွဲရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ကျွန်တော်တို့ အပါတ်တိုင်း Jamming တော့သွားဖြစ်ပါတယ်။ ဒါကတော့ကျွန်တော်တို့ Band ရဲ့ Skill ကို improve ဖြစ်လာအောင်လေ့ကျင့်တာပါ။

ကဲဒီလောက်ဆိုလာရောက်သူတို့ကျွန်တော်တို့အကြောင်းလည်း
တော်တော်သိလောက်ပါပြီ။

နောက်နေ့တွေမှာ Article အသစ်ကလေးတွေထက်တင်ပေးပါ ဦးမယ်။ ကျွန်တော်တို့ Show တွေကို
လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်။
Comments တွေလည်းပေးနိုင်ပါတယ်။

No comments: