Wednesday, December 24, 2008



ဒီနေ့ Creative Chaos's Blog ကိုလာရောက်လည်ပတ်သူ ရွှေမြန်မာညီအကို တို့ကို တင်ဆက်ပေးချင်
တာကတော့ NP Myanmar 2008 Show မှာပဲ ဖျော်ဖြေခဲ့တဲ့ အယ်လ်လွန်းဝါ နဲ့ စူဇီ သီဆိုထားတဲ့
စိတ်ညစ်မှာစိုး ဆိုတဲ့သီချင်းလေးဖြစ်ပါတယ် ။ ဒီပွဲမှာတော့ ကျွန်တော်တို့ Band ရဲ့အဆိုတော် မင်းဥာဏ်လင်း
နဲ့ သိမ့် တို့က ပြန်လည် သီဆိုထားပါ တယ်။ ဒီသီချင်းလေးက သာမာန် Pop သီချင်းလေးပါ။ သံစဉ်လေးက
တော်တော် လှသလို ရေးထားတဲ့စာသားကလည်း လူငယ်တွေသာမက လူကြီးတွေပါ လက်ခံနိုင်တဲ့ စာသားလေး
ပါ။ ဒီ Show လေးမှာတော့ ဒီသီချင်းလေးက ပရိသတ်ရဲ့အားပေးမှု အတော်လေးရခဲ့ပါတယ်။ ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။ မျှဝေခံစား ကြည့်ပါဦး။

PS : ကျန်တဲ့ NP MYANMAR SHOW 2008 ကသီချင်းတွေကို ကြည့်ချင်သေး တယ်ဆိုရင်တော့
www.npmyanmar.com က forum မှာ DVD ကိုတောင်းဆိုဝယ်ယူနိုင် သလို creativechaoz@gmail.com
ကိုလည်း email ပို့ပြီး ရယူနိုင်ပါတယ်။

Posted By Nyein Chan Lu


No comments: